Wednesday, June 30, 2010

လူ့ ဘ၀ရဲ့  ငြိမ်းအေးမှု

ပျော်နေသူ... ဘယ်သူ၏ဆန္ဒနဲ့ လဲ၊ဘယ်သူ၏စောင့်ရှောက်မှူနဲ့ လဲ ၊
ဖခင့်မေတ္တာစိတ်တွေ ယိုဖိတ်နေတဲ့  မြေ..၊ဇာတိမြေ၊
တိတ်ဆိတ်ချမ်းအေးတဲ့  သူ့ မွေးရပ် ဋ္ဌာနေ၊သူပိုင်တဲ့မြေ၊
ဒီမြေပေါ်က လေကို ရှူရှိုက်ရတာလောက် ၊
ကျေနပ်ရောင့်ရဲစရာ ဘယ်မှာ ရှိမလဲ ကွယ်။ ။
ဘယ်သူ၏ နွားအုပ်တွေက နွားနို့ ပေးသလဲ ၊ ဘယ်သူ၏ ဂျုံခင်းတွေက ပေါင်မုံ့ ပေးသလဲ ၊
ဘယ်သူ၏ အထောက်အပံ့ နဲ့ လဲ။
ဘယ်သူ၏အပင်တွေက နွေအပူကို အေးရိပ်ပေးခဲ့ သလဲ၊
ဘယ်သူ့ မီးဖိုက ဆောင်းမှာ အနွေးဓါတ်ကို ရစေခဲ့ သလဲ။

ဘုရားသခင် ကောင်းချီးပေးတော်မူသလား၊ နာရီတွေ..၊နေ့ တွေ ..၊နှစ်တွေ ..၊
ဖြေးဖြေးညင်သာ လျောပြေးထွက်သွား၊ ကိုယ်ကျန်းမာ စိတ်ချမ်းသာ
တိတ်တဆိ တ်နေ့ ရက်တွေ ကုန်လွန်သွား ၊
အတူရောနှောပေါင်းစည်း ကာ ချိုမြိန်မှုတွေ ဖန်တီးထား
အပြစ်မဲ့ စွာ မည်သည့်အရာက နှစ်သိမ့်မှုတွေ အပေး နိုင်ဆုံးဖြစ်မလဲ ၊
ရှုမှတ်ပွားစရာ တရားအစစ်ကတော့  ဒါပါပဲ ။ ။
ဒီလိုမျိုး ငါ့ကို အေးဆေးစွာ အသက်ရှင်နေထိုင်ခွင့်ပေးပါ။
အဆိုးတွေကို မမြင်ချင်ဘူး ၊ မသိချင်ဘူး ၊ဖယ်ပါ ရှားပါ ၊
ကြေကွဲမှုတွေ ၀မ်းနည်းပူဆွေးမှုတွေ ကင်းသဖြင့် ငါ့ကို သေခွင့်လဲ ပေးပါ၊
ဒီကမ္ဘာကြီးထဲ ကနေ ငါ ငြိမ်းငြိမ်းအေးအေး တိတ်တိတ်ကလေး ခိုးထွက်သွားပါရစေ၊
ဒါပေမဲ့ လေ ငါက ကျောက်ခဲ တလုံးမှ မဟုတ်တာကွယ် ..၊
ဘယ်နေရာမှာ လဲလျောင်းရမယ်ဆိုတာ ကိုတော့ ..ပြောပြ ပေးမှ ဖြစ်မှာပေါ့။ ။
florist မြန်မာပြန်သည်။

မူရင်းကဗျာ
The Quiet Life

Happy the man, whose wish and care
A few paternal acres bound,
Content to breathe his native air,
In his own ground.

Whose herds with milk, whose fields with bread,
whose flocks supply him with attire;
Whose trees in summer yield him shade,
In winter fire.

Blest, who can unconcern'dly find
Hour, days, and years slide soft away
In health of body ,peace of mind,
Quiet by day.

Sound sleep by night ;study and ease
Together mix'd; sweet recreation,
And innocence , which most does please
With meditation.

Thus let me, unseen,unknown;
Thus unlamented let me die;
Steal from the world, and not a stone,
Tell where i lie .
Alexander pope (1688- 1744)

အားလုံးရဲ့  သီချင်း

လူတွေ..လူတွေ ..အားလုံး..၊
ရုတ်တရက် တေးချင်းသီကြူးလို့ ၊
မြူးထူးဟစ်အော် ပျော်လိုက်ကြတာကွယ်၊
ငါလဲ ပဲ သူတို့  အပျော်ထဲ မှာ စီးမျောသွားတယ်။ ။
အကျဉ်းကျ ငှက်ကလေးများ လွတ်မြောက်မှုနဲ့  အတူ ၊
အတောင်ပန် ဖြန့် ကျက် ၊တဟုန်ထိုး ပြေးထွက်လို့  ၊
သစ်သီးခြံတွေ စိမ်းမှောင်နေတဲ့  လယ်ကွင်းတွေ ပေါ်မှာ...ပေါ်မှာ....ကျော်ဖြတ်လျ
က်၊
တဖြေးဖြေး မြင်ကွင်းကနေ ပျောက်ပျက်သွားတယ်။ ။
လူတွေ လူတွေ အားလုံး ၊
တေးချင်းသံ အရှိန်အဟုန်မြင့်တက်လို့  ၊
ထွက်ပြူစ ရှင်နေမင်းက တစ တစ နေသားကျ ကျလာသလိုပဲ၊
ငါ့အသဲကိုပါ သိမ်းကြုံး ရိုက်ခတ်၊ မျက်ရည်ယိုစီးမတတ်ပေါ့..၊
စိုးရွံ့  ထိတ်လန့် မှုများ အဝေးသို့  စုပြုံမျောပါသွား၊
အို..ဒါပေမဲ့ လဲ အားလုံးဟာ ငှက်တကောင် တေးသီသလို..မပီဝိုးဝါးနဲ့ ၊
ဘယ်မှာအလင်္ကာမြောက်မတဲ့ လဲကွယ် ။ ။
florist မြန်မာပြန်သည်။
မူရင်းကဗျာ
Every one sang

Everyone suddenly burst out singing;
And i was filled with such delight
As prisoned birds must find in freedom
Winging wildly across the white
Orchards and dark-green fields;on ; on ; and out of sight.

Everyone's voice was suddenly lifted,
And heart was shaken with tears; and horror
Drifted away ...O but everyone
Was a bird; and the song was wordless;
The singing will never be done.

Siegfried Sassoon