Monday, January 9, 2012

ဂျော်ဒန်မြစ်ကို ရှာဖွေခြင်း

 ဂျော်ဒန်မြစ်
တည်နေရာ ….အဇ္ဇရေးလ်နိုင်ငံနှင့် ဂျော်ဒန်နိုင်ငံအကြား (အနောက်အာရှ)
အရှေ့ပိုင်းမြေထဲပင်လယ်ကမ်းခြေဒေသ (ဂါလိလီခရိုင်)

ဘယ်ဘက်အဇ္ဇရေးလ် အခြမ်းမှာ Banias မြစ်နှင့် Dan မြစ် ၊Yarmoukမြစ် Zarqaမြစ် Hisbani မြစ် (လက်ဘနွန်) Iyonမြစ် စတာတို့က မြစ်လက်တက်အဖြစ်စီးဝင်ကြတယ်။

ဒီဒေသမှာ ထင်ရှားမှုအရှိဆုံးအရာကတော့ ဂါလိလီပင်လယ်( Garlilee Sea)နှင့် ပင်လယ်သေ (Dead Sea) တို့ပါဘဲ။ ဂျော်ဒန်မြစ်ဟာ 251km(156mi)ရှည်လျားပါတယ်။အဇ္ဇရေးလ်နိုင်ငံ အရှေ့ဘက်စည်းရိုးမှာ ကပ်လျက်တည်ရှိနေခြင်းဖြစ်ပြီး ပင်လယ်သေထဲ ကို စီးဝင်သွားရင်းပင်လယ်သေမှာ မြစ်ဝအဖြစ်လည်းတည်ရှိနေပါတယ်။ ဂျော်ဒန် ဆိုတာက အင်္ဂလိပ်အခေါ်အဝေါ်ဖြစ်ပြီး ဟီဘရူးဘာသာစကားနဲ့ဆိုရင် နီဟာဟ ရာဒင်(Nehar ha Radin)လို့ခေါ်တယ်။ယေရှု ရေဇျန်းခံရာ(သို့မဟုတ်ရေနှစ်ခံရာ) နေရာလည်းဖြစ်ပါသတဲ့။
သူ့ရဲ့ မြစ်လက်တက်များကတော့ … လက်ဖနွန်နိုင်ငံက စတင်စီးဆင်းဝင်ရောက်လာတဲ့ Hasbani မြစ် နှင့် Ivon မြစ် နွေဦးရာသီများမှာ  မောင့် ဟာမွန် တောင်( Mount Hermon) ကနေ နိုးထလာလေ့ရှိတဲ့ Baniasမြစ် အလားတူ..မောင့်ဟာမွန်ကဘဲ စတင်ထွက်ခွာလာတဲ့ Dan မြစ် တို့ဖြစ်ကြတယ်။

ဂျော်ဒန်မြစ်ဟာ ရေစီးသန်ပြီးတော့ တနာရီကို 75 ကီလိုမီတာ အရောက် လျင်လျင်မြန်မြန်ဘဲ ရေတွေပြည့်လျှံနေတဲ့ ဟူလာရေအိုင်ဆီ(Hula Lake)ပြေးဝင်သွားပြီး ဂယ်လိလီ ပင်လယ်ဘက်ကို ၂၅မီလီမီတာနှုံးနှင့် ထွက်ခွာသွားတယ်။နောက်ဆုံးမှာတော့ ပင်လယ်သေထဲကို မ၀င်မီအထိ တွေ့ကောက် ကွေ့ကောက်နှင့် မတ်စောက်တဲ့ ဆင်ခြေလျော လမ်းတွေကို ဖြတ်ကျော်စီးဆင်းသွားခဲ့တယ်။ပင်လယ်ရေမျက်နှာပြင်အောက် 422မီတာ နိမ့်ကျစွာ ထွက်ပေါက်မရှိ စီးဝင်သွားတာပါ။ ဒီနောက်ဆုံးအပိုင်းမှာ အရှေ့ဘက်ကနေ အဓိကကျတဲ့ Yar mouk မြစ်နှင့် Jabbok မြစ်လက်တက်နှစ်ခု စီးဝင်ခဲ့တယ်။ ဟီဘရူးဘာသာနှင့် Kinneret လို့ခေါ်တဲ့ ဂယ်လိလီပင်လယ်မြောက်ဘက်အပိုင်းဟာ အဇ္ဇရေးလ်နယ်စပ်နှင့် ဂိုလန်ကုန်းမြင့် (Golan Hights) အနောက်ဘက် နယ်စပ် တို့မှာရှိပြီး ဂယ်လိလီရဲ့တောင်ဘက်.အပိုင်းကတော့ . ဂျော်ဒန်ဘုရင့်နိုင်ငံတော်နှင့် (အရှေ့ဘက်မှာရှိ)အဇ္ဇရေးလ် ၊ အနောက်ဘက်ကမ်း(West Bank) (အနောက်ဘက်မှာရှိ)တို့အကြားမှာ တည်ရှိပါတယ်။

1964ခုနှစ်မှာ အဇ္ဇရေးလ်ဟာ ဂယ်လိလီပင်လယ်ကရေကို  ရေကာတာတခု တည်ဆောက်ပြီးရေလွှဲယူဖို့ စတင်ခဲ့တယ်။အဓိက  ဂျော်ဒန်မြစ်ရဲ့အထောက်အပံ့နှင့် ပြည်သူအများ သောက်သုံးရေရရှိဖို့ ( National Water Carrierအတွက်)ပါ။ အလားတ 1964ခုနှစ်မှာဘဲ ဂျော်ဒန်ကလည်းYarmoukမြစ်ရေကို  တူးမြောင်းတခု ဖေါက်လုပ်ရယူပါတယ်။အဓိက ပေးဝေရမဲ့  မြစ်ကတော့ ဂျော်ဒန်ပါဘဲ။တဖန် ဆီးရီးယားကလည်း အလားတူ Yarmouk မြစ်မှရေကို  ရေလှောင်ကန်များ တည်ဆောက်ရယူပြန်ပါတယ်။
ဒီလို အပြိုင်အဆိုင် ရယူနေကြမှုကို ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ကြသူများက မြစ်ကြောင်း ထိခိုက်နစ်နာမှု ပျက်စီးဆုံးရှုံးမှု များလာတဲ့အတွက် အဇ္ဇရေးလ် ၊ ဂျော်ဒန်နှင့် ဆီးရီးယားတို့ကို ပြစ်တင်ရှုံ့ချကြပါတယ်။

ယနေ့အချေအနေကိုကြည့်ရင် မြစ်ရေကို 70% ကနေ 90%အထိ ထုတ်ယူသုံးစွဲနေတာမို့  မြစ်ကြောင်းရေစီးဆင်းမှု သိပ်ကို လျော့ပါးလာနေတယ်။
ဒါဟာ ဘာကြောင့်လဲ ဆိုရင် ပင်လယ်သေမှာ ရေငွေ့ပျံတက်နှုံး မြင့်မားလာပြီး ပင်လယ်ဟာကျုံ့ရုံ့ လာနေပါသတဲ့။ပြီးတော့ ရေတိမ်ပိုင်းများလာတဲ့ အပြင် ခြောက်သယောင်းပြီး ဆားပြင်ကြီးလည်းဖြစ်နေပါတယ်။ရေထုဟာလဲ ညစ်ညမ်းလာတယ်။ ဂယ်လိလီပင်လယ်အနီး  ဂျော်ဒန်မြစ်အထက်ပိုင်း ရေဟာ ဟို ကမ္ဘာဦးကတည်းက ခရစ်ယန်များ သမိုင်းဝင် ရေနှစ် ရေဖြန်းခံရာ ဒေသပါ။  မြေကမ္ဘာရဲ့ မိတ်ဆွေများအဖွဲ့က ( Friends of the Erath) အဖွဲ့ က ဂျော်ဒန်မြစ်ဟာ  ကမ္ဘာ့အန္တရယ် အပေးဆုံး မြစ် 100 ထဲမှာ တခုအပါအ၀င်ဖြစ်နေသတဲ့။ ဒါကို အဇ္ဇရေးလ်နှင့် အာရပ်နိုင်ငံများ ညှီနှိုင်းဆွေးနွေးပြီး ပြုပြင်မှု မရှိရင် 2011ခုနှစ်အလွန်မှာ ဂျော်ဒန်မြစ် အဆုံးစွန် ခြောက်သွေ့သွားနိုင်တယ်လို့ 2007ခုနှစ်က ခြိမ်းခြောက်သတိပေးထားပါတယ်။ ဂျော်ဒန်မြစ်ရဲ့  ရေစီးနှုံးဟာ တနှစ်  1.3 ဘီလျှံ ကျူးဘစ်မီတာ ရှိရာက 2010ခုနှစနောက်ပိုင်းမှာ  20ကနေ  30 မီလျှံကျူးဘစ်မီတာ ထိ ပင်လယ်သေထဲ ရောက်ရှိနိုင်လိမ့်မယ်လို့ တွက်ချက်ထားပါတယ်။တဲ့။ဆားပါဝင်မှုလည်း ပိုမိုမြင့်တက်လာမှာဖြစ်ပါတယ်။ ဂျော်ဒန်မြစ်ဟာ အရှေ့အလယ်ပိုင်းအတွက် အလွန်အရေးပါတဲ့ မြစ်ဖြစ်ပါတယ်။

အရေးကြီးတာက လက်ဖနွန်၊ဆီးရီးယား၊ဂျော်ဒန်၊ အဇ္ဇရေးလ်၊ပါလက်စတိုင်း တို့မှာ လည်း နယ်မြေပြသနာက ကြီးကြီးမားမားရှိနေတာပါ။ ရေပြသနာလည်းအလားတူရှိနေတာပါ။ နယ်မြေကိစ္စနှင့် မကြာခဏ စစ်မက်ဖြစ်ပွားနေရသလို ရေကိစ္စကလဲ တမှောင့်ပါဘဲ။ အာရပ်နိုင်ငံများက ရေအရင်းအမြစ် 33% အဇ္ဇရေးလ်ကို မျှဝေပေးဖို့ သဘောတူညျီခြင်း မရှိခဲ့ဘူး။ ရေခွဲဝေသုံးစွဲဖို့အတွက် အကြီးအကျယ် အငြင်းပွားမှုများရှိလာပါတယ်။ 1976ခုနှစ် ဇွန်လ 5ရက်နေ့ မှာတော့ အဇ္ဇရေးလ်က ဆီးရီးယားကို လေကြောင်းမှ စီးနင်းတိုက်ခိုက်ခြင်းများပြုခါ ၆ရက်စစ်ပွဲ ကို စတင် ဆင်နွဲခဲ့ပါတယ်။

ပင်လယ်သေကို ရှာဖွေခြင်း

တည်နေရာ ..အရှေ့အလယ်ပိုင်း

ဂျော်ဒန်တောင်ကြာဒဒေသချိုင့်ဝှမ်း
အရှည်….67.4 km (41.9 mi)
အကျယ်..18km (11 mi)
အနက်..377 m (1,237ft)

ထူးခြားတဲ့ သူ့အမည်
ပင်လယ်သေ (dead sea ) အမည်ဟာ အနောက်တိုင်း အခေါ်အဝေါ်ဖြစ်ပြီး အာရဗစ်ဘာသာ ၊ ဟီဘရူးဘာသာအခေါ်အဝေါ်များရှိပါတယ်။

မြန်မာလို ဆိုရင်တော့ “သေမင်းပင်လယ်”သို့မဟုတ် “ဆားပင်လယ် “ “် The Sea of Death သို့မဟုတ် Salt Sea” ပါတဲ့ ။

အဓိကစီးဝင်တဲ့မြစ်ကတော့ ဂျော်ဒန်မြစ်ဖြစ်တယ်။အရှေ့ဘက်မှာ ဂျော်ဒန် နယ်စပ်မျဉ်း
အနောက်ဘက်မှာ အနောက်ဘက်ကမ်း(west bank)ဲ နှင့် အဇ္ဇရေးလ် တို့အကြားမှာ ထိစပ်တည်ရှိနေပါတယ်။ ပင်လယ်ရေမျက်နှာပြင်အောက် 423 metres(ပေအားဖြင့် 1.388ft) နိမ့်ကျနေပါတယ်။ကမ္ဘာ့မြေမျက်နှာပြင်မှာ အနိမ့်ဆုံးအပိုင်းဖြစ်နေခြင်းဟာ ထူးခြားမှုတခုပါဘဲ။ ကမ္ဘာပေါ်မှာ ဆားပါဝင်မှု လွန်ကဲတဲ့ရေအိုင်ပါ။33.7% ပျော်ဝင်ပါရှိတယ်လို့ ဆိုပါတယ်။ဒီလို များပြားတဲ့ ဆားပါဝင်မှု နှုံးထားကြောင့် ရေသတ္တ၀ါတွေရှင်သန်ကြီးထွားဖို့ မဖြစ်နိုင်ပါဘူး။ တဲ့။
နေပူရှိန်ပြင်းတဲ့အခါ ရေဟာ အငွေ့ပျံပါတယ်။ရေလျော့နည်းသွားတဲ့အခါ နဂိုက ငံနေတဲ့ရေဟာ အငံဓါတ်ပိုကဲလာတတ်ပါတယ်။

လေ့လာဆန်းစစ်သူများကတော့ ဒီလို အငံဓါတ်လွန်ကဲတဲ့ရေမျိုးမှာ ဇီဝသက်ရှိအပင်များ ရေမှာရှင်သန်နေထိုင်တဲ့ သတ္တ၀ါများ ပေါက်ပွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ရှင်သန်ရန်ခက်ခဲလွန်းလို့ သေမင်းပင်လယ်လို့ ခေါ်တွင်စေတာပါ။

ဒါပေမဲ့  မိုက်ကရိုစကုပ်ဖြင့်သာ ကြည့်နိုင်မဲ့ အလွန်သေးငယ်လွန်းတဲ့ ဘက်တီးရီးယားများ မိုက်ကရိုစကုပ်အောက်က သေးမွှားမွှား မှိုမျိုးများ ကတော့ အရေအတွက် များစွာ ရှိနေတာပါ။

ရေကြီးတဲ့အချိန်မျိုးမှာဆါးပါဝင်မှု 35% မှ 30% ကို ကျဆင်းသွားတတ်ပါတယ်။

မိုးပါးပေမဲ့ ယာယီအားဖြင့် မိုးသည်းတဲ့ ဆောင်းရာသီများလည်း ကြုံရတတ်ပါတယ်။ 1980 ခုနှစ်က ဆောင်းတွင်း မိုးကြီးခဲ့တဲ့ အဖြစ်ကိုကြည့်ရင် ပုံမှန်အတိုင်းဆို ပြာမှောင်နေတတ်တဲ့  ပင်လယ်ဟာ အနီရောင်ပြောင်းပြီး အလှပိုလာတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီ ရှိနေစဉ်ကတည်းက သူ့အလှကို လူတွေ စိတ်ဝင်စားကြပါတယ်။ ယနေ့ ပင်လယ်သေဟာ ကမ္ဘာတ၀ှမ်းက လူတွေကို သိမ်းကြုံးဆွဲဆောင်နေတာပါ။ မြေထဲပင်လယ်တ၀ိုက်က ဗဟုသုတရှာဖွေလိုသူများမကြာခဏ ကြက်စားပျော်မွေ့ကြပါတယ်။

သမ္မာကျမ်းကိုးပြောရရင် ကမ္ဘာ့ ပထမ အပန်းဖြေစခန်းဖြစ်ပြီးတော့ ဒေးဗစ်ဘုရင်ကြီး ခိုလှုံနားနေရာ ဒေသဖြစ်ပါတယ်။ကျန်းမာရေးအတွက် အကောင်းဆုံး အနားယူနိုင်တဲ့ နေရာဖြစ်ပါတယ်။

Movenpickှ အပန်းဖြေစခန်းမြင်ကွင်းကျယ်
အဇ္ဇရေးလ်ဘက်မှ လှမ်းမျှော်ကြည့်ရင် ရှုမဆုံးအောင် မြင်ရမဲ့ ပင်လယ်သေရဲ့ အလှ မြင်ကွင်းကျယ်

မောင့်ဆိုဒွမ်တောင်ပေါ်ကကြည့်ရင်မြင်ရမဲ့ ပင်လယ်သေ အလှ မြင်ကွင်းကျယ်ပါ..

ပင်လယ်သေက ထွက်ရှိတဲ့ သဘာဝ ဓါတ်ဆားများဟာ ရောဂါ အမျိုးမျိုးကို ကုသပေးနိုင်တဲ့ အနေအထားမှာရှိတာမို့ ဆေးဝါးကျွမ်းကျင်များနှင့် သိပ္ပံပညာရှင်ကြီးများဟာ သုတေသနပြု လေ့လာကြဖို့ မကြာခဏ ရောက်လာကြတယ်။ တကယ်တော့လဲ လေ့လာစူးစမ်းဖို့ အကောင်းဆုံး စင်တာ တခုဖြစ်လာတာပါ။ စင်တာတခုဖြစ်လာခဲ့တဲ့ အကြောင်းရင်း များစွာရှိနေပါတယ်။

ရေမှာပျော်ဝင်ပါရှီတဲ့ သတ္တုဓါတ်များ က လေမှာ ပျံ့လွင့်နေတဲ့ ပန်းဝတ်မှုံနှင့် အခြားယားယံစေနိုင်တဲ့ ဓါတ်မတဲ့ပစ္စည်းများ၊ နေစွမ်းအင်မှဖြာထွက်တဲ့ ခရမ်းလွန်ရောင်ခြည် စတာ တို့ကို ခုခံကာကွယ်ဖို့ လျော့ချဖို့ ၊ပြီးတော့

နေလောင်ခြင်း၊ဖျားနာခြင်း၊ အအေးမိနှာရည်ယိုစီးခြင်း၊ အရိုးအဆစ် ဒူးယောင် ဒူးနာအမျိုးမျိုး၊ကြမ်းထော်သော အနီပိမ့်များထွက်သည့် အရေပြားရောဂါအမျိုးမျိုး။နှင့် အခြား အထွေထွေ ရော၈ါများကို ပျောက်ကင်းနိုင်တဲ့ စွမ်းအင်ရှိပါတယ်။

ဥပမာ .ဒူးခေါင်းနာခြင်းကို သတ္တုဓါတ်ကြွယ်ဝသောရေအိုင်မှ ရွှံ့များနှင့် ဖိသိပ်အုံခဲကြပ်စီးခြင်း။နှာရည်ယိုခြင်းကို ပင်လယ်သေမှရရှိသည့် ဓါတ်ဆားရည်ဖြင့်ု စပရေးဖြန်းကုသခြင်းစသဖြင့် ရှေးယခင်ကတည်းက ရောဂါ ကုထုံးများစွာရှိပါတယ်။

ပင်လယ်သေဟာ လူတို့အတွက် အကျိုးပြု ဖြစ်ထွန်းစေတဲ့ ပိုတက်ရှ် ဓါတ်ဆားတမျိုးကိုလည်း ထုပ်လုပ်ပေးနေတာပါ။ သတ္တုနဲ့ အက်ဆစ် ဓါတ်ပြုပြီး မြေဆီမြေနှစ် မြေသြဇာ ကိုပါ ကောင်းမွန်စေတဲ့ဓါတ်ဆားတမျိုးဖြစ်ပေါ်စေပါတယ်။ အီဂျစ်လူမျိုးတို့ဟာ အဲဒီကရတဲ့နေထရွန် ဓါတ်ဆားနှင့် ဖါရိုဘုရင်များရဲ့အလောင်းကို mummification လို့ခေါ်တဲ့ ဆေးစိမ်ခြင်းပြုလုပ်ရတာပါ။ (ဒီအကြောင်းအသေးစိတ် ရေးဖူးပါတယ်။ ဒီ့ထက်မက ကျယ်ပြန့်စွားရေးသားဖို့ မျှော်လင့်ထားပါတယ်)

မြေထဲပင်လယ်ဒေသတ၀ိုက် ဖြန့်ကျက်နေထိုင်သူများဟာ ပင်လယ်သေက ထွက်ရှိတဲ့ ဓါတ်သတ္တုကနေ cosmetics လို့ အလွယ်ပေါင်းရုံးခေါ်တွင်တဲ့ အသားလှ ဆီ နှုတ်ခမ်းဆိုးဆေး၊ ခေါင်းလိမ်းဆီ ဆေးတို့ဖတ် စသည်တို့ကို ဖါရိုးမင်းဆက်များမှာ ထုတ်လုပ်သုံးစွဲ နေ တတ်ကြပါပြီ။ကြိုတင်ကာကွယ်ဖို့ နည်းပညာများလည်း တတ်ကျွှမ်းနေပါပြီ။

၂၀၀၉ခုနှစ်လောက်မှာတော့ လာရောက်ကြည့်ရှုလေ့လာသူပေါင်း ထောင်ချီပြီး(1.2million) အဇ္ဇးရေးလ်ကို ရောက်လာကြတယ်။ပင်လယ်သေဟာ 1.24kg/L သိပ်သည်းမှု ရှိတာကြောင့် ရေကူးလိုသူနှင့် ရေပေါ်ပေါလောမျှောလိုသူတို့လည်း အတွေ့အကြုံရအောင် လာရောက်လည်ပတ်ကြတာမို့ ပင်လယ်သေမှာ ဧည့်ပရိသတ်များနှင့် စည်ကားနေပါတယ် တဲ့။

ပင်လယ်သေမှာ နောက်တခု ထူးခြားတာက သူဟာ ကုန်းတွင်းပိတ် ရေအိုင်ကြီးဖြစ်ပြီး သူ့ရဲ့ ပုံသဏ္ဍာန် အသွင်အပြင်မှာ ဘယ်ဘက်ကို ဘေးတိုက် ရွေ့ရှားနိုင်တဲ့ ကမ္ဘာမြေလွှာပြတ်ရွေ့ကြောင်း တိုက်တိုနစ်ပလိတ် နှင့် အာဖရိကဲန်ပလိတ် အာရေဘီယဲန် ပလိတ် တိုရဲ့ ကြားမှာ တည်ရှိနေခြင်းပါဘဲ။

ပင်လယ်သေထဲကိုစီးဝင်တဲ့ ဂျော်ဒန်မြစ်ဟာ ပြန်လမ်းမကြုံတဲ့  ရေယမုန်လဲ ဖြစ်နေပါသေးတယ်။ ထွက်ပေါက်မရှိဘူး။

ပင်လယ်သေ၀န်းကျဉ်မှာတော့ နွေဦးရာသီများမှာ လှပတဲ့ နှစ်ရှည်ခံ အပင်ငယ်ကလေး များ ကြိုကြား ပေါက်ရောက်ပါတယ်။ရေအိုင်ငယ်ကလေးများလည်းရှိပါတယ်။ဒါ့အပြင် နင်းမိလျှင် ကျွံဝင်သွားနိုင်တဲ့ သဲနုံးတွင်းမျာလည်း ကမ်ခြေတလျှောက်ရှိနေပါတယ်။

ပင်လယ်သေရဲ့ မြောက်ဘက်အစွန်ကျတဲ့ အပိုင်းမှာ တော့ မိုးရေဟာ ရှားရှားပါးပါး လို့ ဆိုရမှာပါဘဲ။နှစ်စဉ် မိုးရေချိန်လက္မ 100mm(4in) ရွာသွန်းလေ့ရှီပြီး တောင်ဘက်ကျတဲ့ ဒေသတွေမှာတော့ မဆိုသလောက် 50mm (2in) ရွာသွန်းလေ့ရှိတယ်။ ဂျူဒီယဲန် တောင်ကုန်းတွေမှာ မိုးရိပ်မိုးငွေ့မြင်တွေ့နိုင်ပေမဲ့  ပင်လယ်သေမှာတော့ ခြောက်ခြောက်သွေ့သွေ့ ပါဘဲ။ အရှေ့ ဘက်ကုန်းမြင့်တွေက ရွာချလာမဲ့ မိုးရေ လောက်ဘဲ လက်ခံရမှာ ဖြစ်ပါတယ်။

ဂျူဒီယဲန် တောင်ကုန်းတွေက အနည်းငယ် မတ်စောက်ပြီး အရှေ့ဘက်တောင်တန်းတွေက အောက်ဘက်ကျပါတယ်။ ရေကန်ရဲ့ အနောက်တောင်ဘက်ကျတဲ့အရပ်ဒေသတွေမှာတော့ မြင့်မားတဲ့  ဆိုဒွန်တောင်ကြီးရှိနေတဲ့အတွက် 210mm( 700in) ရွာသွန်းပါတယ်။


ပင်လယ်သေကိုဝန်းရံနေတဲ့ တောင်တန်းတွေမှာ ကုလားအုပ်များ၊တောင်ဆိတ်ရိုင်းများ၊တောယုန်ကြီးများ၊ခွေးအနှင့် ကျားသစ်များက သူနိုင် ကိုယ်နိုင် မင်းမူနေတာပါ။ရာပေါင်းများစွာသော ငှက်မျိုးစုံကလေးများက ဘာသာဘာဝ ပျော်ရွှင်မြူးထူးလို့နေကြတယ်။

ဒီနေရာတွေကို အဇ္ဇရေးလ်ကရော ဂျော်ဒန်ကပါ သဘာဝ တောရိုင်းနယ်မြေ သတ်မှတ်ပြီးသီးသန့် ထားရှိတာပါ ။ ယနေ့မှာတော့ ဗြိတိသျှ တို့က ပင်လယ်သေမြောက်ဘက်ကမ်းအနီး ဂေါက်ကွင်းတခု တည်ဆောက်ထားပါတယ်။

ဓါတုဗေဒပညာရှင်များနှင့် စူးစမ်းလေ့လာလိုသူများကလည်း ၀င်လာမစဲ တသဲသဲပါ။ပင်လယ်ရေမျက်နှာပြင်ထက် ပေပေါင်း1,289ft နိမ့်တဲ့ အဝေးပြေးလမ်းမကြီးတခု အနောက်ဘက်ကမ်းနှင့် အဇ္ဇရေးလ်ကမ်းခြေတလျှောက်မှာဖေါက်လုပ်တည်ရှိနေပါတယ်။ ကမ္ဘာ့ပထမတန်းစားဟိုတယ်ကြီးများ အပန်းဖြေစခန်းများလည်းအလားတူဆောက်လုပ်ထားပါတယ်။

အီဂျစ်လူမျိုးတို့ ဟာ ယခုလို အလောင်းများ မပုပ်မသိုးအောင် မမ်မီလုပ် ဆေးစိမ်ဖို့ ပင်လယ်သေက နျူထရွန် ဓါတ်ဆားကို အသုံးပြုကြရတာပါ။ နေပူရှိန်ပြင်းတဲ့အခါ ရေဟာ အငွေ့ပျံပါတယ်။ရေလျော့နည်းသွားတဲ့အခါ နဂိုက ငံနေတဲ့ရေဟာ အငံဓါတ်ပိုကဲလာတတ်ပါတယ်။

1979ခုနှစ်မှာက ပါလက်စတိုင်းကုပ္မဏီ တခုက( Palestine Potash company) ပိုတက်ရှ် နှင့် ဘရိုမိုင်းသတ္တုများ ဖေါ်ထုတ် လုပ်ပိုင်ခွင့်ရရှိခဲ့တယ်။ပိုတက် သို့မဟုတ် ပိုတက်စီယံ ကလိုရိုက် ကိုပါ။
အရှေ့အလယ်ပိုင်းငြိမ်းအေးနေစဉ်ကာလမျိုးမှာ အာရပ်နှင့်ဂျူး လုပ်ငန်းရှင်ကြီးများက ခြေသွက်လက်သွက် အကြီးအကျယ် ထုတ်လုပ် လာကြတယ်။

1934ခုနှစ်မှာ တခါ စီမံကိန်းချပြီး အနောက်တောင်ဘက်ကမ်းရိုးတန်းမှာ ဒုတိယအကြိမ် အချေချ လုပ်ကိုင်ခဲ့ကြတယ်။ဒုတိယ ကမ္ဘာစစ်အတွင်းမှာလည်း ထုတ်လုပ်ခဲ့သေးတာပါ။နောက်ဆုံး ရှောင်တခင်ဖြစ်လာတဲ့ 1928ခုနှစ် အာရပ်အဇ္ဇရေးလ်စစ်ပွဲအတွင်းမှာလည်းထုတ်လုပ်ဖြန့်ဖြူးခဲ့တာပါ။ ဗြိတိသျှတို့ ကလည်း ထုတ်ယူခဲ့တာပါ။ ၁၉၅၂ခုနှစ်မှာတော့ အမျိုးသားပိုင် Dead Sea Works Ltd က ကျန်နေတဲ့ ပိုတက်များနှင့် သတ္တုပစ္စည်းများကို နိုင်ငံတော်ကိုယ်စား ပင်လယ်သေမှနေ ထုတ်ယူခဲ့ကြတယ်။ 2001ခုနှစ်မှာ ဒီငံကျိကျိ ပင်လယ်သေက ပိုတက် တန်ချိန်ပေါင်း 1.77 ၊ ဘရိုမိုင်းဓါတ်ပေါင်း တန်ချိန် 206,000 ၊ ကော့စတစ်ဆိုဒါ 44.900 တန်ချိန်၊ မက်ဂနီစီယမ်နှင့် ဆိုဒီယံ ကလိုရိုက် 25.000တန် အဇ္ဇရေးလ်က တဦးတည်းထုတ်ယူခဲ့ပါတယ်။ Dead Sea Magician Ltd ရဲ့ အထောက်အပံ့နှင့်ပါ။

ဂျော်ဒန်ဘက်မှာလည်းထုတ်ယူတာမျိုးရှီပါတယ်။ ပင်ကိုယ်အားဖြင့်ဓါတ်သတ္တုများနှင့် ကြွယ်ဝနေတဲ့  ပင်လယ်သေဆားကို ကမ္ဘာတ၀ှမ်းက စိတ် ၀င်စားနေကြသူတွေ ဒုနှင့်ဒေးပါ။

ကိုယ်ခန္ဓာသန့်ရှင်းစင်ကြယ်စေဖို့အသားအ ရည် လှပချောမွေ့စေဖို့ စိုပြေ ၀င်းအိနေအောင် ထိန်းသိမ်းထားဖို့ ဓါတုဗေဒနည်းနှင့် အသားလှဆီ အမျိုးမျိုး ထုတ်လုပ်ကြမှာ ဖြစ်ပါတယ်။

Florist တင်ပြသည်။

Source: Wikipedia


ပင်လယ်နက်ကို ရှာဖွေခြင်း


အရောင်တွေနှင့် ခွဲခြားသတ်မှတ်တဲ့ ပင်လယ်တွေထဲမှာ ပင်လယ်နက်လည်း တခုအပါအ၀င်ဖြစ်ပါတယ်။
Black Sea ဆိုတဲ့အမည်ဟာ အင်္ဂလိပ်တွေရဲ့ အခေါ်အဝေါ်ပါ။ ပင်လယ်နက်ကို ဂရိ၊ ဘယ်လ်ဂျီယန်၊ ဂျော်ဂျီယန်၊ ရိုမေနီယန် ၊ရပ်ရှင်း ၊တူရကီ ၊ယူကရိန်း စသည်တို့က လည်း မိမိတို့ ဘာသာစကားအရ တမျိုးစီ ခေါ်ဝေါ်ကြပါတယ်။
ပင်လယ်နက်ရဲ့ နေ၀င်ချိန်ကလေး
ပင်လယ်နက်ကို အစောပိုင်းကာလတွေမှာ နွေးထွေးပျူငှာမှုကင်းမဲ့သူ ( Inhospitable)ရယ်လို့ ခေါ်ခဲ့ကြတာပါ။ ဂရိတို့ ကိုလိုနီ မပြုမီ ခေတ်မှာ ရေကြောင်းသွားလာမှု ခက်ခဲလွန်းတာမို့ တကြောင်း၊ဒီဒေသမှာ မှီတင်းနေထိုင်ကြသူ လူမျိုးစုတွေကလည်း ရက်စက် ရိုင်းပျ လွန်းတာကြောင့်၎င်း ဂရိ-ရောမတွေက အလင်းကင်းမဲ့သူ (unlit) ခေါ်ရာမှ Black Sea ရယ်လို့  ဖြစ်သွားတာပါ။
 ဆူးဒက်ခ်ပင်လယ်အော်
ရှည်မျောတဲ့  ဘူလ်ဂေးရီးယားကမ်းခြေဒေသမှာဆိုရင် အနယ်အနှစ်တွေ သဲ နုံး ရွှံ့စတာတွေ
ရေစီးနှင့်မျောပါပြီး ကြာလာတဲ့အခါ ရေပြင်မှာ ထိုးထွက်လာတဲ့ ကုန်းတန်းလေးတွေ သောင်ခုံလေးတွေ ဖွဲ့စည်းမိရက်သားဖြစ်တတ်တယ်။ တဲ့။

ဒါကတော့ ပင်လယ်နက် မြစ်ဝအကျယ် ပါ
ဘူမိဗေဒဆိုင်ရာ အရင်းအမြစ်ကို ခြေရာခံ ပြန်ကြည့်ရင် အဆင့်ဆင့်ပြောင်းလဲ ဖြစ်ပေါ်တတ်တဲ့ သဘာဝ ဖြစ်စဉ်များအရ မူလက အဲဒီမြစ်ဝှမ်းတ၀ိုက်မှာ တက်တိုးနစ် (Tectonic)ပလိပ်ပြားများရဲ့ ဖိနှိပ် တွန်းထိုးမှုကြောင့် မြေသားအက်ကွဲခြင်း မြေကျွံခြင်း မြေသားဟိုသည်ပြန့်ထွက်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး နှစ်ခြမ်းခွဲ ကွေ့ဝိုက်ဖြာထွက်စီးဆင်းတာမျိုးရှိနိုင်တယ်လို့ ဘူမိဗေဒပညာရှင်တစုက သုံးသပ်ကြတယ်။ ပလိပ်ပြားများ အချင်းချင်းဝင်ဆောင့်ရာမှာလည်း ကော့ကေးဆပ်စ်၊ပွန်တိုက်ထ်၊ ကရိုင်းမီးယား၊ဘော်လ်ကန် စတဲ့ တောင်တန်းများကိုလည်း ဖြစ်ပေါ်စေခဲ့တာပါ။့ ဆက်လက်ပြီး Eurasian နှင့် Africian platesများးအကြားဝင်ဆောင့်အပြီး အနောက်ဘက်ဒေသဆီ လွတ်ထွက်သွားရာမှ
မြောက် အနာတိုလီယဲန်မြေလွှာ ပြတ်ရွေ့ကြော ( North Anatolian Fault) နှင့် အရှေ့ အနာတိုလီယဲန်မြေလွှာ ပြတ်ရွေ့ကြော တလျှောက် ပိတ်ဆို့ လျက် တက်တိုးနစ် ပလိတ် ရေစီးကြောင်းအတိုင်း တည်ရှိနေတယ်။
ဒါဟာ ပင်လယ်နက်ဒေသမှာ လည်း မြေသားကျွံကျခြင်းကို ဖြစ်ပေါ်စေပြီး အနတိုလီဒေသကိုပါ ထူးခြားတဲ့ မီးတောင်လှုပ်ရှာမှုမျိုး ဖြစ်ပေါ်စေတယ်။

နာဆာက ပေးပို့ထားတဲ့ ပင်လယ်နက်ရေလွှမ်းမိုးစဉ်
ကောင်းကင်မြင်ကွင်း တခု
ကာလကြာမြင့်တဲ့အခါ ဘူမိဗေဒတည်ဆောက်မှု သဘောတရားအရ ..ကမ္ဘာ့သမုဒ္ဒရာကြီးများ အစဉ်အလာက ခွဲထွက်ပြီးတော့အကြောင်းအားလျော်စွာ ပင်လယ်နက်ဟာ သီးခြား တည်ရှိနေခြင်းဖြစ်တယ်။ ယနေ့ မြင်တွေ့နိုင်တဲ့  မြစ်ဝှမ်းအနေအထားကတော့ ကရိုင်းမီးယဲန်ဒေသကျွန်းဆွယ်မှ တောင်ဘက် တိုးပြီး The Danube discharge into the Black Sea ဒူးနာ့ဘ်မြစ်စီးဝင်တဲ့ ပင်လယ်နက်( ဆာဘီးယဲန်တွေက ဒူးနာ့မြစ်လို့ခေါ်တယ်။)
ဒူးနာ့မြစ်ရဲ့ ရေထွက်ပေါက်ဟာ ပင်လယ်နက်ဖြစ်တယ်။
ပင်လယ်နက်ဟာ ကမ္ဘာ့အကြီးဆုံး Meromictic အမျိုးအစားမြစ်ဝရှိတဲ့  ပင်လယ်ပါ။ရေနက်ပိုင်းရေဟာ လေထုထဲက အောက်ဆီဂျင်ကို လက်ခံရယူသိမ်းဆည်းတဲ့ အပေါ်ယံအလွှာအထပ်တွေနှင့် ရောနှောခြင်းမရှိဘူး။ အဖြေကတော့ ပိုနက်တဲ့ ပင်လယ်ရေထုထယ်ပမာဏ ၉၀%ကျော်ကျော်က အင်နိုးစစ်ရေ ( anoxic water) ဖြစ်နေခြင်းပါဘဲ။ …မြစ်ဝှမ်းတည်ရှိမှု ပထ၀ီအနေအထားအရ့ မြစ်ရေ စီးဝင်မှု က မြစ်ကြောင်းထိန်းသိမ်းရာမှာ အဓိက ကျတယ်။ ဖြည့်ဆီးဝင်ရောက်လာတဲ့ ရေက အားကောင်းတဲ့အလွှာအထပ်ထပ် ကို ဖြစ်စေပြီး တိကျတဲ့ ရေပမာဏကို ညီမျှစေတယ်။ အများအားဖြင့် အပေါ်ယံရေလွှာများက အေးမြပြီးအခိုးအငွေ့များစုပုံထူထပ်ခြင်းနှင့် ဆားပါဝင်ခြင်းကို လျော့နည်းစေတယ်။မြစ်ကြောင်းဖြစ်ထွန်းမှုကို တိုးချဲ့တဲ့ သဘောပါဘဲ။ စင်စစ် ရေနက်ထဲက မူလရေနွေးများဟာ မက်ဒီတာရေးနီးယဲန်က (မြေထဲပင်လယ်)ဆားပျော်ဝင်ရေများပါဘဲ။ဒီလို မြေထဲပင်လယ်ထဲက စုပုံစီးဝင်လာတဲ့ ရေဟာ လတ်ဆတ်တဲ့ ပင်လယ်နက်ထဲက စီးထွက်သွားတဲ့ ရေနှင့်ညီမျှပါတယ်။ နောက်ပြီး သူက မာမရာ(Marmara sea ) ပင်လယ်ထဲကို ဆက်လက်စီးဝင်သွားခဲ့တယ်။ သူ့အလွှာနှင့်သူ ဆားပါဝင်လည်း အညီအမျှပါ။

The Danube discharge into the Black Sea
ဒန်းနူးဘ်မြစ်စီးဝင်တဲ့ ပင်လယ်နက်
နာဆာက ပေးပို့ထားတဲ့ ပုံတွေအရ ပင်လယ်နက်မှာ နှစ်စဉ် ရေကြီးလေ့ရှိကြောင်း သိရတယ်။ ရှေးခေတ်ရေကြောင်းခရီးသွားလာသူများဟာ လှေ သင်္ဘောများ ပျက်စီးဆုံးရှးမှု နှစ်စဉ်ကြုံတွေ့နေရတာပါ။
တူရကီက ဘလက်ဆီးအလှ

တိမ်ရောင်စုံကွန့်မြူးနေတဲ့  ရပ်ရှင်းအင်ပါယာခေတ် ပင်လယ်နက်
ဂျော်ဂျီယာက Batumi
စစ်အေးတိုက်ပွဲအပြီးမှာ ကမ္ဘာတ၀ှမ်းက ခရီးသွားဧည့်သည်များ ထောင်သောင်းချီလာရောက်ကြတယ်။
အားလပ်ရက်တွေမှာ အပန်းဖြေစခန်းများနှင့် ရေပူစမ်းတွေ ရှိရာ သွားရောက်နိုင်vdkUyg/်။ လူသိများထင်ရှားတဲ့  အပန်းဖြေစခန်းတွေကတော့…
2 Mai (ရိုမေးနီးယား), Agigea (ရိုမေးနီးယား) ,.Ahtopol (ဘူဂေးရီးယား) , Anaklia (ဂျော်ဂျီယာ ) တို့ပါဘဲ။

1936 ခုနှစ် Montreux သဘောတူညီချက်အရ နိုင်ငံ့ခေါင်းဆောင်များက မြေထဲပင်လယ်နှင့် ပင်လယ်နက်အကြား သင်္ဘောများသွားလာခုတ်မောင်းမှုကို ခွင့်ပြုခဲ့တယ်။ပင်လယ်အတွင်း ကြောင်းထိန်းသိမ်းစောင့်ရှောက်ဖို့ကိုလည်း ဘလက်ဆီးယူကရိန်းရေတပ်အုပ်စုက တာဝန်ယူပေးဖို့ ရပ်ရှားကဘဲ သဘောတူညီခဲ့တယ်။

ပင်လယ်နက်ဟာ Dardanelles ရေလက်ကြားနှင့် Bosphorus ရေလက်ကြားတို့ကို မှီပြီး သမုဒ္ဒရာနှင့် ပေါင်းကူးချိတ်ဆက်ပါတယ်။ Dardanelles ရေလက်ကြားဟာ 55m ( 180.45ft )နက်ီပြီးတော့ Bosphorus ရေလက်ကြားကတော့ 36m (118.11ft) သာ ရှိတဲ့အတွက် ရေတိမ်ပါတယ်။

ဒေသဆိုင်ရာ အဖွဲ့အစည်းများ

1992ခုနှစ်က အဓိက ပင်လယ်နက်ဒေသ နိုင်ငံများဖြစ်တဲ့ ဘူလ်ဂေးရီးယား၊ ရိုမေနီးယား၊ ဂျော်ဂျီယာ၊ရပ်ရှင်းဖယ်ဒရေးရှင်း။ ယူကရိန်း၊တူရကီ တို့ဟာ ပင်လယ်နက် ညစ်ညမ်းမှုကို တားဆီး ကာကွယ်ဖို့ မြစ်ကြောင်း စောင့်ရှောက်ထိန်းသိမ်းဖို့ကော်မရှင်တရပ်ဖွဲ့စည်းပြီး (The Commission on the Protecti0n of the Black Sea Against Pollution ) သဘောတူ စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးအတည်ပြုခဲ့ကြတယ်။ မဟာဗျူဟာ စီမကိန်းတခုကို ချမှတ်ဖေါ်ဆောင်ခဲ့ကြတာပါ။
အလယ်ခေတ်က ပင်လယ်နက် ရှေးခေတ် ပင်လယ်နက် ရေတပ်အုပ်စု တခုကရီးမီးယဲန် စစ်ပွဲ
မတိုင်မီ

ရှေးအခါက ပင်လယ်နက်တခွင် ဟစ်တိုက်စ်၊ဂရိစ်၊ပါရှဲန်၊ရိုမဲန်၊ဂေါ့သ်၊ဟန်စ်၊ဆလပ်ဗ်စ်၊ခရူဆိတ်တာ၊လစ်သူးနီးယဲန်၊ ဂျော်ဂျီယဲန်၊ပိုးလ်၊ တာတာ၊အော့တိုမဲန် စတဲ့ လူမျိုးစုများ ကုန်ရောင်းကုန်ဝယ်ရွက်လွှင့်သွားလာခဲ့ကြဖူးတဲ့ ကမ္ဗည်းကျောက်စာများရှိကြောင်းသူတေသနပညာရှင်တို့ကဆိုပါတယ်။ ပင်လယ်နီဟာ အရှေ့ အနောက် တောင်မြောက် အရပ်ဒေသအားလုးကို ရွက်လွှငထွက်ခွနိုင်တဲ့ ခရီးလမ်းဆုံတခုလည်းဖြစ်တယ်။့်
ရှေးအခါက တည်းက ဘော်လ်ကန်မှ အနောက်ဘက်..Eurasia မှ တောင်ဘက် ..ကော့ကေးဆပ်နှင့်အလယ်အာရှမှအရှေ့ဘက်.အာရှမိုင်းနား နှင့်မက်ဆိုပိုတေးမီးယားမှ တောင်ဘက် ..ဂရိမှ အနောက်တောင်ဘက် စတဲ့ အရပ်ဒေသတို့ကို ရွက်လွှင့် သွားလာခဲ့ကြတယ်။
ဘလက်ခ်ဆီးရေလမ်းကြောင်းဟာ ရှေးကပင် အလွန်အသုံးများတဲ့လမ်းဆုံ တခုဖြစ်ခဲ့တာပါ။ ပထမကမ္ဘာစစ်မှာရော ဒုတိယကမ္ဘာစစ်မှာပါ အလွန်အရေးပါတဲ့  ရေကြောင်းလမ်း တခုဖြစ်ပါတယ်။
ရှေးခေတ်ဆိပ်ကမ်းမြို့ကြီးတွေဟာ ပင်လယ်နီ ကမ်းရိုးတန်းတွေမှာ အများဆုံးတည်ရှိနေတာပါ။

စစ်အေးတိုက်ပွဲ ပြီးဆုံးချိန်ကာလမှာ နီင်ငံရပ်ခြားခရီးသွားဧည့်သည်များ တဖွဲဖွဲလာရောက်
ခဲ့ တြတယ်။ရိုမေးနီးယားက 2 Mai နှင့် Agigea အပန်းဖြေ စခန်းနှစ်ခုဟာ နာမည်အကြီးဆုံးပါ။ဘူလ်ဂေးရီးယား ၊ တူရကီ နှင့် ဂျော်ဂျီယာတို့က အပန်းဖြေစခန်းများဟာလည်း အလားတူ နာမည်ကြီးတွေပါဘဲ။
ရိုမေးနီးယား က Neptu
ဂျော်ဂျီယာက  Poti ဆိပ်ကမ်း
Bosphorus ရေလက်ကြား
Dardanelles ရေလက်ကြား
ရိုမေးနီးယားကမ်းခြေက ပင်လယ်ခူ
အန္တရယ်အပေးဆုံးငါးမန်း

 ကျောက်ခက်များ
အလယ်ခေတ်က ပင်လယ်နက်
ရှေးခေတ်  ပင်လယ်နက်  ရေတပ်အုပ်စု တခုကရီးမီးယဲန် စစ်ပွဲမတိုင်မီ
Florist စုစည်းတင်ပြသည်။
Source: wekipideia