Monday, April 19, 2010

မေ့

မြေကျင်းထဲ ..မင်းတယောက် ..အေးခဲ လို့ နေမလားကွယ်။
နှင်းခဲတွေကပါ.မင့်အပေါ် ထပ်ထပ်ဖို့ ဖို့နေတော့..၊
တောက်လျှောက်ကို မို့ မောက်ပိတ်ဆို့ နေမှာပေါ့၊
ဟို ...အဝေး ..အဝေး ကို မင်းကထွက်ပြေး...၊
အုတ်ဂူလေးတခုထဲ မင်း ၀င်အောင်းလှဲရတော့ ..၊
အေးခဲ ကျင်စက်နေမလား တွေးပူတယ်။
ချစ်သူရယ်...နောက်ဆုံးမှာ.. ၊
အချိန်ဆိုတဲ့  ယန္တယားက တိုက်စားမျိုပစ် ..၊
တွေ့ သမျှ လှိုင်းပမာ ဖိညှစ်လိမ်ကျစ်နေတာမို့ ..၊
ငါ (မင်းကို ..)ချစ်ဖို့ ကိုတောင် မေ့နေမလားကွယ်။ ။

Remembrance

Cold in the Earth, and the deep snow piled above thee!
Far, far removed , cold in the dreary grave!
Have i got, my only love , to love thee !
Severed at last by Times all-wearing Wave!

Emily Bronte

florist မြန်မာပြန်သည်။

No comments:

Post a Comment