
အရောင်တွေနှင့် ခွဲခြားသတ်မှတ်တဲ့ ပင်လယ်တွေထဲမှာ ပင်လယ်နက်လည်း တခုအပါအ၀င်ဖြစ်ပါတယ်။
Black Sea ဆိုတဲ့အမည်ဟာ အင်္ဂလိပ်တွေရဲ့ အခေါ်အဝေါ်ပါ။ ပင်လယ်နက်ကို ဂရိ၊ ဘယ်လ်ဂျီယန်၊ ဂျော်ဂျီယန်၊ ရိုမေနီယန် ၊ရပ်ရှင်း ၊တူရကီ ၊ယူကရိန်း စသည်တို့က လည်း မိမိတို့ ဘာသာစကားအရ တမျိုးစီ ခေါ်ဝေါ်ကြပါတယ်။
![]() |
| ပင်လယ်နက်ရဲ့ နေ၀င်ချိန်ကလေး |
![]() |
| ဆူးဒက်ခ်ပင်လယ်အော် |
ရေစီးနှင့်မျောပါပြီး ကြာလာတဲ့အခါ ရေပြင်မှာ ထိုးထွက်လာတဲ့ ကုန်းတန်းလေးတွေ သောင်ခုံလေးတွေ ဖွဲ့စည်းမိရက်သားဖြစ်တတ်တယ်။ တဲ့။
![]() |
| ဒါကတော့ ပင်လယ်နက် မြစ်ဝအကျယ် ပါ |
မြောက် အနာတိုလီယဲန်မြေလွှာ ပြတ်ရွေ့ကြော ( North Anatolian Fault) နှင့် အရှေ့ အနာတိုလီယဲန်မြေလွှာ ပြတ်ရွေ့ကြော တလျှောက် ပိတ်ဆို့ လျက် တက်တိုးနစ် ပလိတ် ရေစီးကြောင်းအတိုင်း တည်ရှိနေတယ်။
ဒါဟာ ပင်လယ်နက်ဒေသမှာ လည်း မြေသားကျွံကျခြင်းကို ဖြစ်ပေါ်စေပြီး အနတိုလီဒေသကိုပါ ထူးခြားတဲ့ မီးတောင်လှုပ်ရှာမှုမျိုး ဖြစ်ပေါ်စေတယ်။
![]() |
| နာဆာက ပေးပို့ထားတဲ့ ပင်လယ်နက်ရေလွှမ်းမိုးစဉ် ကောင်းကင်မြင်ကွင်း တခု |
ဒူးနာ့မြစ်ရဲ့ ရေထွက်ပေါက်ဟာ ပင်လယ်နက်ဖြစ်တယ်။
ပင်လယ်နက်ဟာ ကမ္ဘာ့အကြီးဆုံး Meromictic အမျိုးအစားမြစ်ဝရှိတဲ့  ပင်လယ်ပါ။ရေနက်ပိုင်းရေဟာ လေထုထဲက အောက်ဆီဂျင်ကို လက်ခံရယူသိမ်းဆည်းတဲ့ အပေါ်ယံအလွှာအထပ်တွေနှင့် ရောနှောခြင်းမရှိဘူး။ အဖြေကတော့ ပိုနက်တဲ့ ပင်လယ်ရေထုထယ်ပမာဏ ၉၀%ကျော်ကျော်က အင်နိုးစစ်ရေ ( anoxic water) ဖြစ်နေခြင်းပါဘဲ။ …မြစ်ဝှမ်းတည်ရှိမှု ပထ၀ီအနေအထားအရ့ မြစ်ရေ စီးဝင်မှု က မြစ်ကြောင်းထိန်းသိမ်းရာမှာ အဓိက ကျတယ်။ ဖြည့်ဆီးဝင်ရောက်လာတဲ့ ရေက အားကောင်းတဲ့အလွှာအထပ်ထပ် ကို ဖြစ်စေပြီး တိကျတဲ့ ရေပမာဏကို ညီမျှစေတယ်။ အများအားဖြင့် အပေါ်ယံရေလွှာများက အေးမြပြီးအခိုးအငွေ့များစုပုံထူထပ်ခြင်းနှင့် ဆားပါဝင်ခြင်းကို လျော့နည်းစေတယ်။မြစ်ကြောင်းဖြစ်ထွန်းမှုကို တိုးချဲ့တဲ့ သဘောပါဘဲ။ စင်စစ် ရေနက်ထဲက မူလရေနွေးများဟာ မက်ဒီတာရေးနီးယဲန်က (မြေထဲပင်လယ်)ဆားပျော်ဝင်ရေများပါဘဲ။ဒီလို မြေထဲပင်လယ်ထဲက စုပုံစီးဝင်လာတဲ့ ရေဟာ လတ်ဆတ်တဲ့ ပင်လယ်နက်ထဲက စီးထွက်သွားတဲ့ ရေနှင့်ညီမျှပါတယ်။ နောက်ပြီး သူက မာမရာ(Marmara sea ) ပင်လယ်ထဲကို ဆက်လက်စီးဝင်သွားခဲ့တယ်။ သူ့အလွှာနှင့်သူ ဆားပါဝင်လည်း အညီအမျှပါ။
![]() |
| The Danube discharge into the Black Sea ဒန်းနူးဘ်မြစ်စီးဝင်တဲ့ ပင်လယ်နက် |
![]() |
| တူရကီက ဘလက်ဆီးအလှ |
![]() |
| တိမ်ရောင်စုံကွန့်မြူးနေတဲ့  ရပ်ရှင်းအင်ပါယာခေတ် ပင်လယ်နက် |
![]() |
| ဂျော်ဂျီယာက Batumi |
အားလပ်ရက်တွေမှာ အပန်းဖြေစခန်းများနှင့် ရေပူစမ်းတွေ ရှိရာ သွားရောက်နိုင်vdkUyg/်။ လူသိများထင်ရှားတဲ့  အပန်းဖြေစခန်းတွေကတော့…
2 Mai (ရိုမေးနီးယား), Agigea (ရိုမေးနီးယား) ,.Ahtopol (ဘူဂေးရီးယား) , Anaklia (ဂျော်ဂျီယာ ) တို့ပါဘဲ။
1936 ခုနှစ် Montreux သဘောတူညီချက်အရ နိုင်ငံ့ခေါင်းဆောင်များက မြေထဲပင်လယ်နှင့် ပင်လယ်နက်အကြား သင်္ဘောများသွားလာခုတ်မောင်းမှုကို ခွင့်ပြုခဲ့တယ်။ပင်လယ်အတွင်း ကြောင်းထိန်းသိမ်းစောင့်ရှောက်ဖို့ကိုလည်း ဘလက်ဆီးယူကရိန်းရေတပ်အုပ်စုက တာဝန်ယူပေးဖို့ ရပ်ရှားကဘဲ သဘောတူညီခဲ့တယ်။
ပင်လယ်နက်ဟာ Dardanelles ရေလက်ကြားနှင့် Bosphorus ရေလက်ကြားတို့ကို မှီပြီး သမုဒ္ဒရာနှင့် ပေါင်းကူးချိတ်ဆက်ပါတယ်။ Dardanelles ရေလက်ကြားဟာ 55m ( 180.45ft )နက်ီပြီးတော့ Bosphorus ရေလက်ကြားကတော့ 36m (118.11ft) သာ ရှိတဲ့အတွက် ရေတိမ်ပါတယ်။
ဒေသဆိုင်ရာ အဖွဲ့အစည်းများ
1992ခုနှစ်က အဓိက ပင်လယ်နက်ဒေသ နိုင်ငံများဖြစ်တဲ့ ဘူလ်ဂေးရီးယား၊ ရိုမေနီးယား၊ ဂျော်ဂျီယာ၊ရပ်ရှင်းဖယ်ဒရေးရှင်း။ ယူကရိန်း၊တူရကီ တို့ဟာ ပင်လယ်နက် ညစ်ညမ်းမှုကို တားဆီး ကာကွယ်ဖို့ မြစ်ကြောင်း စောင့်ရှောက်ထိန်းသိမ်းဖို့ကော်မရှင်တရပ်ဖွဲ့စည်းပြီး (The Commission on the Protecti0n of the Black Sea Against Pollution ) သဘောတူ စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးအတည်ပြုခဲ့ကြတယ်။ မဟာဗျူဟာ စီမကိန်းတခုကို ချမှတ်ဖေါ်ဆောင်ခဲ့ကြတာပါ။
အလယ်ခေတ်က ပင်လယ်နက် ရှေးခေတ် ပင်လယ်နက် ရေတပ်အုပ်စု တခုကရီးမီးယဲန် စစ်ပွဲ
မတိုင်မီ
ရှေးအခါက ပင်လယ်နက်တခွင် ဟစ်တိုက်စ်၊ဂရိစ်၊ပါရှဲန်၊ရိုမဲန်၊ဂေါ့သ်၊ဟန်စ်၊ဆလပ်ဗ်စ်၊ခရူဆိတ်တာ၊လစ်သူးနီးယဲန်၊ ဂျော်ဂျီယဲန်၊ပိုးလ်၊ တာတာ၊အော့တိုမဲန် စတဲ့ လူမျိုးစုများ ကုန်ရောင်းကုန်ဝယ်ရွက်လွှင့်သွားလာခဲ့ကြဖူးတဲ့ ကမ္ဗည်းကျောက်စာများရှိကြောင်းသူတေသနပညာရှင်တို့ကဆိုပါတယ်။ ပင်လယ်နီဟာ အရှေ့ အနောက် တောင်မြောက် အရပ်ဒေသအားလုးကို ရွက်လွှငထွက်ခွနိုင်တဲ့ ခရီးလမ်းဆုံတခုလည်းဖြစ်တယ်။့်
ရှေးအခါက တည်းက ဘော်လ်ကန်မှ အနောက်ဘက်..Eurasia မှ တောင်ဘက် ..ကော့ကေးဆပ်နှင့်အလယ်အာရှမှအရှေ့ဘက်.အာရှမိုင်းနား နှင့်မက်ဆိုပိုတေးမီးယားမှ တောင်ဘက် ..ဂရိမှ အနောက်တောင်ဘက် စတဲ့ အရပ်ဒေသတို့ကို ရွက်လွှင့် သွားလာခဲ့ကြတယ်။
ဘလက်ခ်ဆီးရေလမ်းကြောင်းဟာ ရှေးကပင် အလွန်အသုံးများတဲ့လမ်းဆုံ တခုဖြစ်ခဲ့တာပါ။ ပထမကမ္ဘာစစ်မှာရော ဒုတိယကမ္ဘာစစ်မှာပါ အလွန်အရေးပါတဲ့  ရေကြောင်းလမ်း တခုဖြစ်ပါတယ်။
ရှေးခေတ်ဆိပ်ကမ်းမြို့ကြီးတွေဟာ ပင်လယ်နီ ကမ်းရိုးတန်းတွေမှာ အများဆုံးတည်ရှိနေတာပါ။
စစ်အေးတိုက်ပွဲ ပြီးဆုံးချိန်ကာလမှာ နီင်ငံရပ်ခြားခရီးသွားဧည့်သည်များ တဖွဲဖွဲလာရောက်
ခဲ့ တြတယ်။ရိုမေးနီးယားက 2 Mai နှင့် Agigea အပန်းဖြေ စခန်းနှစ်ခုဟာ နာမည်အကြီးဆုံးပါ။ဘူလ်ဂေးရီးယား ၊ တူရကီ နှင့် ဂျော်ဂျီယာတို့က အပန်းဖြေစခန်းများဟာလည်း အလားတူ နာမည်ကြီးတွေပါဘဲ။
![]() |
| ရိုမေးနီးယား က Neptu |
![]() |
| ဂျော်ဂျီယာက Poti ဆိပ်ကမ်း |
![]() |
| Bosphorus ရေလက်ကြား |
![]() |
| Dardanelles ရေလက်ကြား |
![]() |
| ရိုမေးနီးယားကမ်းခြေက ပင်လယ်ခူ |
![]() |
| အန္တရယ်အပေးဆုံးငါးမန်း |
![]() |
| ကျောက်ခက်များ |
![]() |
| အလယ်ခေတ်က ပင်လယ်နက် |
![]() |
| ရှေးခေတ် ပင်လယ်နက် ရေတပ်အုပ်စု တခုကရီးမီးယဲန် စစ်ပွဲမတိုင်မီ |
Source: wekipideia


















No comments:
Post a Comment